Print

အမျိုးသမီးများသိသင့်သည့် အလှအပဆိုင်ရာအကြံပြုချက်များ

  29-Oct-2016
Preview Image

အလှအပနဲ့ အမျိုးသမီးတွေဆိုတာ ခွဲခြားမရတဲ့ အရာဖြစ်တာမို့ အလှအပနဲ့ပတ်သက်တဲ့ ဗဟုသုတရှိဖို့ မျှဝေပေးလိုက်ပါတယ်။ ခြေသလုံးမွေး၊

လက်မွေး၊ ချိုင်းမွေးရိတ်မယ်ဆိုရင် ဒီအတိုင်းရိတ်တာတို့၊ ရေစွတ်ရိတ်တာတို့

မလုပ်သင့်ပါဘူး။ အရေပြား ယားယံမှုမရှိဘဲ ကျန်းမာချောမွေ့ နေစေဖို့အတွက်

မုတ်ဆိတ်ရိတ်ဆပ်ပြာ၊ အမြှုပ် (ဒါမှမဟုတ်)အလှဆီတို့၊ ကွန်ဒီရှင်နာတို့ သုံးသင့်ပါတယ်။

 

လက်သည်းဆေးဆိုးပြီး မခြောက်ခင်မှာ ဟိုထိဒီထိနဲ့ ဆေးတွေမပွန်းပဲ့ဘဲ

အမြန်ခြောက်ချင်ရင်တော့ လက်သည်းဆိုးပြီးပြီးချင်း ရေခဲရေထဲမှာ လက်စိမ်ထားလိုက်ပါ။

နှုတ်ခမ်းတွေ အမြဲခြောက်ပြီး အက်ကွဲသူတွေ နှုတ်ခမ်းကအရေပြားဆဲလ်သေတွေ

ဖယ်ရှားဖို့အတွက် သွားတိုက်ပြီးတိုင်းသွားပွတ်တံလေးနဲ့ နှုတ်ခမ်းကိုပါ

ညင်ညင်သာသာလေး ပွတ်တိုက်ပေးနိုင်ပါတယ်။

 

နှုတ်ခမ်းနီတွေ ဘေးမစွန်းအောင်ဆိုပြီး နှုတ်ခမ်းအနားသတ်လုပ်ပြီးမှ

ဆိုးမယ်ဆိုရင် သတိထားဖို့လိုပါမယ်။ လိုင်းအရမ်းကြီးထင်းနေအောင်လုပ်ရင် လူရွှင်တော်ကြီးပါးစပ်လို အကွင်းလိုက် ဖြစ်တတ်လို့ပါ။

 

ဆံပင်အသစ်ပေါက်လို့ ထိုးထိုးထောင်ထောင်ဖြစ်နေတာတို့၊ ဆံပင်တွေအပေါ်

ကိုကြွတက်ပြီး ကြည့်မကောင်းဖြစ်နေရင် လက်လိမ်းလိုးရှင်းလေးနဲ ဖြေရှင်းလိုက်ပါ။

မနက်အိပ်ရာထမှာ ဆံပင်သပ်သပ်ရပ်ရပ်လေးဖြစ်နေချင်တယ်ဆိုရင် ညအိပ်ခါနီးမှာ

ကျစ်ဆံမြီးလေးကျစ်ပြီး အိပ်လိုက်ပါ။

 

မျက်ခုံးမွေးလေး အရောင်စိုတောက်စေချင်ရင်တော့ နှုတ်ခမ်းဆိုးဆေး

အဆီအကြည်လေးကို မျက်ခုံးမွေးပေါ် သုတ်ပေးပြီးမှ မျက်ခုံးမွေးဆွဲတာ၊ ပုံသွင်းတာ လုပ်နိုင်ပါတယ်။ ကလစ်၊ ခေါင်းစည်း၊ ဆံညှပ်စည်းထားပြီးမှ ဆံပင်ပုံသွင်းဆေးဖျန်းရင် ပိုပြီးမြဲမြံစေပါတယ်။ နောက်ပြီး ဆံပင်ဆေးဆိုးသူတွေဆိုရင် ခဏခဏခေါင်းလျှော်တာမျိုး

မလုပ်သင့်ပါဘူး။ နောက်တစ်ချက်က အလှကုန်ဝယ်ဖို့ စိတ်ကူးမရှိဘဲ အလှကုန်

ကောင်တာသွားတာမျိုး ရှောင်ရပါမယ်။ မလိုအပ်သေးတာကို ဝယ်လာမိရင်

ငွေလည်းကုန်၊ ပစ္စည်းလည်း အလကားဖြစ်သွားတတ်လို့ပါ။

 

Ref:

wellnessbin

7daydaily

No.797 Friday, July 17, 2015

 



Related Articles


Advertisment 18